TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၂၉ ရက်၊ ၂၀၂၂
မြန်မာနိုင်ငံမှာအိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ သန်းကျော်သွားပြီ။ ဖားကန့်မှာရှမ်းနီအရပ်ဖက် ခေါင်းဆောင်တဦးအသတ်ခံရ။ ပုဂံမှာလုံခြုံရေးတွေတိုးချထားပါတယ်။ ကမ္ဘာ့ပဋိပက္ခတွေမှာ ကလေးတွေပေါ်ကျူးလွန်ခဲ့အမှုပေါင်း ၂သိန်း၆သောင်းကျော်ရှိ၊ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူမှုကွန်ယက်ပေါ်ကသတင်းထူးများ၊ အမေရိကန်နိုင်ငံရေး၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှား ခရီးသွား စတာတွေကိုနားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၉-၂၀၂၂)
စပိန်နိုင်ငံမှာကျင်းပနေတဲ့ နေတိုးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲကို ကူညီရေးနဲ့ လက်ရှိနဲ့ အနာဂါတ် စိန်ခေါ်မှုတွေကို NATO အဖွဲ့ဆွေးနွေး၊ သမ္မတဟောင်း Donald Trump ဟာ ၂၀၂၀ ရွေးကောက်ပဲ ရှုံးနိမ့်ပြီး ဒုသမ္မတ Mike Pence ကို ကြိုးပေးအရေးယူဖို့တောင်းဆိုတဲ့ ဆန္ဒပြသူတွေနဲ့ သဘောထားတူညီတဲ့အကြောင်း အိမ်ဖြူတော် ကိုယ်ရေး အရာရှိဟောင်းတဦးကပြော၊ အမေရိကန်ပြည်နယ်လွှတ်တော်တချို့မှာ လွှတ်တော် သက်တမ်းဝက်ရွေးကောက်ပွဲတွေအတွက် ပါတီတွင်း ပဏာမ ရွေးချယ်ပွဲတွေ ကျင်းပ
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၂၉၊၂၀၂၂
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဒုတိယအကြိမ်ခရီးစဉ်စတင်၊ ရိုဟင်ဂျာမိန်းကလေးများ အာဂျင်တီနားတရားရုံးမှာကြားနာစစ်ဆေးခံမည်၊ အလံမလိပ်အသံမတိတ်တဲ့ ကလေးမြို့ ပင်မသပိတ်ရဲ့ ရက်၅၀၀ကျော်ခရီး စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။