TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၂၉၊၂၀၂၂။
မသကာင်္သူ မူးယစ်မှောင်ခို သမား ၉ ဦးကို ထိုင်းနယ်ခြားစောင့် အသေဖမ်းဆီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ အသေးစား အလတ်စား လုပ်ငန်းတွေ ရုန်းကန်နေရတဲ့ အခြေအနေ၊ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်တိုက်ပွဲ အကြောင်း တို့ကို တင်ပြထားတဲ့ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း မြန်မာနဲ့ နိုင်ငံတကာ သတင်းစုစည်းချက်တို့ကို နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မေ ၂၉ ရက်၊ ၂၀၂၂)
ကျန်းမာရေးအတွက် လက်ကို သေချာသန့်ရှင်းအောင်ဆေးဖို့ လိုအပ် လူထုနဲ့ကျန်းမာရေး၊ နလံထ ယူဂန်ဒါခရီးသွားလုပ်ငန်းအကြောင်း ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မေလ ၂၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ ရေဒီယို မေ ၂၉၊ ၂၀၂၂
စစ်ကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ၃ ပွင့်ဆိုင်ဆွေးနွေးဖို့ အာဆီယံကို အမေရိကန်တိုက်တွန်း၊ အသက်စွန့် ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခက်အခဲ၊ ကမ္ဘာတ၀ှမ်း ငွေကြေးဖေါင်းပွမှုတွေဖြစ်တဲ့နောက်ကွယ်က အကြောင်းရင်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများ တို့ကို တင်ဆက်ပေးသွားပါမယ်။