TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၂၉ ရက် ၂၀၂၃
ယူကရိန်းက ရုရှားကိုအင်အားသုံးပြန်တိုက် ဖို့နီးလာနေတာ၊ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူညီပိုပေးဖို့ ဘင်္ဂလားဒေ့ရှ်ပန်ကြားတာ၊ ယောဒေသမှာ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး အခက်ကြုံနေတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဧပြီ ၂၉ ရက်၊ ၂၀၂၃
ယူကရိန်းကိုတိုက်တဲ့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်သလိုမျိုး မြန်မာစစ်တပ်ကို အရေးယူဖို့ မြန်မာ့အရေးကုလအထူးကိုယ်စားလှယ် ပြောကြား၊ မြန်မာ့အရေး တရုတ်နိုင်ငံပါ တက်ရောက်လာတဲ့ ဆွေးနွေးပွဲတရပ် အိန္ဒိယနိုင်ငံမှာ ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ဆန်ဝယ်လိုအား ရောင်းလိုအားမမျှဘဲ ဆန်ဈေးတက်၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ လွတ်မြောက်နယ်မြေရောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ မေးမြန်းခန်းတို့ကို ၂၀၂၃ ဧပြီ ၂၂ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီ ၂၉၊ ၂၀၂၃)
ကရင်နီဒေသ စစ်ဘေးရှောင်တွေကြား ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ဖြစ်ပွား၊ အမေရိကန်တွေအပေါ် အစိုးရ စောင့်ကြည့် ထောက်လှမ်းမှုတွေ လျော့နည်းလာ စတဲ့ သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။