TV Schedule
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေမြန်မာမနက်ခင်း မတ်၂၉၊၂၀၂၃
“NLD ပါတီဖျက်သိမ်းမှု မလိုလားအပ်တဲ့ခြေလှမ်း”ကုလပြောခွင့်ရသူတုန့်ပြန်၊ လင်ချမ်း-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ တရုတ်ဖက်ကြိုးပမ်းနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍမှာ အမေရိကန်နိုင်ငံရေး၊ဆိုရှယ်မီဒီယာပေါ်လူကြည့်များသတင်းများ၊ကမ္ဘာတလွှားခရီးသွား၊ နေရာပေါင်းစုံအကြောင်းစုံအစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (မတ်လ ၂၉၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut မြို့ကို ပြန်ရဖို့ တိုက်ပွဲဟာ အရေးကြီးတဲ့အကြောင်း ယူကရိန်း သမ္မတ Zelenskyy က အလေးအနက်ပြော၊ ဒုတိယအကြိမ် ဒီမိုကရေစီ ထိပ်သီးညီလာခံကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပနေပြီး ယူကရိန်း အရေးကို အဓိက အာရုံစိုက်ဆွေးနွေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တာဟာ ကုလသမဂ္ဂကလိုလားတဲ့ လားရာမဟုတ်ဘူးလို့ ကုလအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူပြော