TV Schedule
ဗွီအိုအေ မြန်မာပိုင်း နိုဝင်ဘာလ ၂၉ ရက် တနင်္ဂနွေနေ့ မနက်ခင်း
ဗီဇပြောင်း ကိုဗစ်ကပ်ရောဂါ ဗိုင်းရပ်ပိုး မျိုးကွဲသစ် Omicron ကူးစက်ခံရသူတချို့ တွေ့ရှိတယ်လို့ နယ်သာလန် ကျန်းမာရေးဌာနက ပြောဆိုလိုက်တဲ့သတင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုချက်တွေဟာ သက်သေမရှိဘူးလို့ လူ့အခွင့်အရေးရှေ့နေကပြောလိုက်တဲ့သတင်းလွှာနဲ့အတူ အပတ်စဉ်ကဏ္ဍတွေ အဖြစ်ကမ္ဘာနဲ့ မြန်မာသတင်းမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေး စာများအစီအစဉ်၊ သတင်းတွေထဲ ကသုတ နဲ့ ထူးခြားဆန်းပြားသတင်းများ တို့ကိုလည်း နာဆင်းကြည့်ရှုကြ ရမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၉-၂၀၂၁)
ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် Omicron ကူးစက်ခံရသူ ၆ ဦး စတော့တလန်မှာ တွေ့၊ Omicron ပိုးသစ် ကူးစက်မှု ထိန်းချုပ်ဖို့ နိုင်ငံခြားသားတွေ ဝင်ရောက်မှု ပိတ်ထားဖို့ ဂျပန်ကြေညာ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅-ခ အမှုအတွက် မနက်ဖြန် စီရင်ချက်ချဖို့ရှိ...စတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ တင်ဆက်ထားပါတယ်။
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၂၉၊၂၀၂၁
Omicron ကိုဗစ်မျိုးကွဲသစ်ကမ္ဘာအနှံပျံနှံလာမှု မြန်မာပြည်တွင်းစိုးရိမ်မှုရှိ၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် အာဂျင်တီနားတရားရုံးလက်ခံ၊ ရှမ်းမြောက်နဲ့ကချင်မှာ စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားတပ်အကြား တိုက်ပွဲများဖြစ်ပွား စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။