TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၂၉၊ ၂၀၂၃)
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၂၉ ၊ ၂၀၂၃) အောက်တိုဘာလ ၂၉ ရက် မြန်မာပြည် တနင်္ဂနွေ မနက်ခင်း ဗွီအိုအေ ရုပ်သံအစီအစဥ်တွေကို ပုံမှန်အတိုင်း ထုတ်လွှင့်ဖို့ ပြင်ဆင်ထားပေမယ့် ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု အခြေအနေတွေကြောင့် မြန်မာ−စနေနေ့ မနက်ခင်း အစီအစဥ်တွေကိုသာ ပြန်လည် တင်ဆက်လိုက်ရတာကို ဝမ်းနည်းစွာ တောင်းပန်အပ်ပါတယ်။ ဒီအစီအစဥ်မှာ သတင်းတွေနဲ့ အပတ်စဥ်ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၃)
တစ္ဆေကြီးများနေ့ လယ်ဂိုတုန်းလေးတွေဖန်တီးမှုနဲ့ တစ္ဆေတွေ လမ်းပေါ်ထွက်တဲ့မြို့၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ အွန်လိုင်းအနိုင်ကျင့်မှုတွေ ကာကွယ်ဖို့ လူငယ်တွေနဲ့ စကားပြောထားတဲ့ GenZ အစီအစဉ် နောက်တော့ ထိုင်းနိုင်ငံမှာ စီးပွားရင်းနှီးမြှုပ်နှံမှုတွေ အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ အောက်တိုဘာ ၂၉၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။