TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီလ ၂၉၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီလ ၂၉၊၂၀၂၄) ပါလက်စတိုင်းကူညီရေးရံပုံငွေ ပြန်ထည့်ဝင်ကြဖို့ ကုလအတွင်းရေးမှုးချုပ်တောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာအကူအညီအတွက် ပုပ်ရဟန်းမင်းပန်ကြား စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ နယ်စပ်အနီး အမေရိကန်စစ်တပ် အခြေစိုက်စခန်း အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန် စစ်သား သုံးယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ၊ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦး သုံးနှစ်အတွင်း ပထမဆုံးအကြိမ် တက်ရောက်၊ အီရန်နဲ့ ပါကစ္စတန်ကြား တင်းမာနေတဲ့ အခြေအနေ လျှော့ချရေး ဆွေးနွေး စတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၉၊ ၂၀၂၄) အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေး စစ်ကောင်စီ ကိုယ်စားလှယ်တက်ရောက်မှု NUG ကန့်ကွက်၊ ဂျော်ဒန် အဝေးထိန်းဒရုန်းကြောင့် အမေရိကန်စစ်သားသုံးဦး သေဆုံး စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်း အစီအစဉ်တွေကို ကြည့်ရှုရမှာပါ။