TV Schedule
ဗွီအိုအေ မြန်မာမနက်ခင်း (ဇန္နဝါရီ ၂၉၊ ၂၀၂၃)
စစ်အာဏာသိမ်း ၂ နှစ်ပြည့် ကနေဒါ၊ အမေရီးကားအဝေးရောက်တွေဆန္ဒပြ၊ မစ်ဇိုင်းဒုံးနဲ့ စစ်လေယာဉ်တွေ အမြန်ရရှိရေး အနောက်တိုင်းနဲ့ ယူကရိန်းဆွေးနွေး၊ ရနောင်း ထိုင်းလ၀ကအချုပ်ခန်းအတွင်းက မြန်မာအလုပ်သမား တွေဆန္ဒပြ၊ စတဲ့သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်၊ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာစတဲ့အပတ်စဉ်ကဏ္ဍ တွေကိုကြည့်ရှုနား ဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၃
ပေတသောင်းခွဲပတ်လည်ကြီးတဲ့ ကမ္ဘာ့အကြီးဆုံး ပီဇာကြီးကို အလှူလုပ်၊ ကြောင်တွေကို သိပ်ချစ်သူတယောက် ကြောင် အကောင် ၆၀၀ ကျော်မွေးထား၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ခေါင်းကိုက်ဝေဒနာ ကုသပျောက်ကင်းနည်းများ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ အနာဂတ်ကိုလမ်းမှာ အခက်အခဲတွေနဲ့ အိပ်မက်တွေ ပျောက်ဆုံးရတဲ့ မြန်မာလူငယ်များပြောထားတဲ့ နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇန်နဝါရီ ၂၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂၉ ၊ ၂၀၂၃
စစ်ကောင်စီ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း NLD သဘောထားထုတ်၊ အာဏာသိမ်း ၂ နှစ်ပြည့် ကိုရီးယားမှာ ဆွေးနွေးပွဲကျင်းပမည်၊ ချက်နဲ့အတူ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ ISP အဖွဲ့ရဲ့ မြင်ကွင်းကျယ်မှတ်စုများ၊ မြန်မာပြည်မှပေးစာနဲ့ ထူးခြားဆန်းပြား သတင်းများ တို့ကို နားဆင်ကြရမှာပါ။