TV Schedule
ဗွီအိုအေမြန်မာ နံနက်ခင်း၊ သြဂုတ် ၂၈၊ ၂၀၂၃
ဗာကနာကြေးစားတပ်အကြီးအကဲ သေဆုံးမှု ရုရှားအတည်ပြု၊ ထိပ်တန်းသံတမန် နှင်ထုတ်တဲ့ မြန်မာစစ်ကောင်စီကို အရှေ့တီမောရှုတ်ချ စတဲ့သတင်းတွေနဲ့ ဝက်လက်ဒေသမှာ အရပ်သားတွေ သတ်ဖြတ်ခံ၇တဲ့သတင်း ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှပေးစာ၊ ထူးခြားဆန်းပြားသတင်းများ အပတ်စဥ်ကဏ္ဍတွေကို ထုတ်လွှင့်သွားမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၂၈၊ ၂၀၂၃)
ရုရှားနိုင်ငံက အမေရိကန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းဟောင်းတဦးကို ယူကရိန်းစစ်ပွဲနဲ့ ရုရှားက ဆန္ဒပြပွဲတွေအကြောင်း အချက်အလက်တွေ စုဆောင်းပေးမှုစွဲချက်နဲ့ အရေးယူ၊ တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ပြိုင်ဆိုင်မှုကိုလိုလားတယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြော၊ မြန်မာရေတပ်အတွက် စင်္ကာပူ ဒေါ်လာ ၂ သန်းဖိုး ရေအောက် အသံစနစ် Sonar System သုံးကရိယာတွေ ရောင်းချခဲ့တဲ့ စင်္ကာပူနိုင်ငံသား ၂ ဦး က အပြစ်ရှိကြောင်းတရားရုံးမှာ ဝန်ခံ
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၂၈၊ ၂၀၂၃)
အရှေ့တီမော သံတမန်နှင်ထုတ်တဲ့ စစ်ကောင်စီလုပ်ရပ် NUG တုန့်ပြန်၊ မြန်မာရေတပ် အသုံးပြုတဲ့ ဆိုနာစနစ် ရောင်းချမှု စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံ၊ ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် နဲ့ တွေ့ဆုံမေးမြန်းခန်း စတာတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။