TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၈-၂၀၁၉)
- အီရန်နိုင်ငံအနေနဲ့ တင်းမာမှုတွေ ကြီးထွားလာဖို့ ရည်ရွယ်မထားဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပြောဆိုပါတယ်။ - ဘရာဇီးမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးဟာ အမေဇုံသစ်တော ဆက်လက် ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်နေပြီလို့ နိုင်ငံတကာ သစ်တောထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးပါတယ်။ - ၂၀၁၇ ခုနှစ် မုန်တိုင်းဒဏ်ကနေ ပြန်နာလံထူဖို့ ကြိုးစားနေရဆဲ အမေရိကန်ပိုင် Puerto Rico ကျွန်းဆီကို Dorian လို့ နာမည် ပေးထားတဲ့ အပူပိုင်းမုန်တိုင်းတခု ဦးတည် ရွေ့ လျားနေပါတယ်။