TV Schedule

ဗွီအိုအေမြန်မာနံနက်ခင်း ဇွန်၂၈၊၂၀၂၃
ကမ္ဘာအဝှမ်းလူသားချင်းစာနာကူညီမှုလိုအပ်ချက်ကြီးတဲ့အထဲ မြန်မာပါဝင်၊ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရပ်သားထိခိုက်သေဆုံးမှုရှိ စတဲ့သတင်းတွေနဲ့အပတ်စဉ်ကဏ္ဍမှာ မြေကြီးရဲ့ဩဇာ၊ အမေရိကန်နိုင်ငံရေး၊ဆိုရှယ်မီဒီယာပေါ်လူကြည့်များသတင်းများ၊ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၈၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ Kramatorsk မြို့ကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေကပြောပါတယ်။ရုရှား Wagner ကြေးစားတပ်အပြင် သူနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။အင်တာနက် ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံနေရတဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က အလုပ်သမား ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတွေက စီးနင်း၀င်ရောက် ကယ်တင်...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၈၊ ၂၀၂၃)
ကရင်နီဒေသအများစုမှာ အင်တာနက်လိုင်းတွေပျက်၊ ကလေးမြို့ စစ်ရှောင်တွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်၊ မြန်မာ အပါအ၀င် အာရှ ၅ နိုင်ငံ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေ ပိုဆိုးလာ၊ ကမ္ဘာ့စာနာမှုအကူအညီအလိုအပ်ဆုံး ၆ နိုင်ငံမှာ မြန်မာပါ စတာတွေအပြင် အယ်ဒီတာဆွေးနွေးခန်းနဲ့ တခြား အပတ်စဥ်ကဏ္ဍတွေကို နားဆင်ကြရမှာပါ။