TV Schedule
၂၀၂၂ ဇွန်လ(၂၈)ရက် အင်္ဂါမနက်ခင်း VOA
ရုရှားကပစ်လိုက်တဲ့ ဒုံးကျည် ယူကရိန်း အလယ်ပိုင်းမြို့က ဈေးဝယ်စင်တာကို ထိမှန်ပါတယ်၊ အာဖဂန်ငလျင် တုံ့ပြန်ကိုင်တွယ်ရေး ဒေါ်လာသန်း ၁၀၀ ပေးဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်.. ဒီလို ထိပ်တန်းသတင်းတွေနဲ့အတူ စစ်ကောင်စီနဲ့ လက်နက်ကိုင်တွေ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်မှုရပ်ဖို့ တိုက်တွန်း၊ စစ်တွေက ရေကြောင်းခရီးစဉ်တွေ ပိတ်ပင်ခံရတဲ့ သတင်းပေးပို့ချက်တွေနဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါပြောသမျှ၊ သက်တံရောင် စတဲ့အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၈-၂၀၂၂)
ယူကရိန်းနိုင်ငံကို အနာဂတ်မှာ ရေရှည် ကူညီ ပံ့ပိုးပေးရေးနဲ့ ရုရှားက ကြီးမားတဲ့ ပေးဆပ်မှုတွေ ပေးရမယ် စတဲ့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေကို G-7 ခေါင်းဆောင်တွေက ပူးတွဲထုတ်ပြန်ဖို့ရှိ၊ ယူကရိန်းနိုင်ငံ Kremechuk မြို့ ဈေးဝယ် စင်တာ တစ်ခုရုရှား ဒုံးကျည်ထိတဲ့အတွက် အနည်းဆုံး လူ ၁၈ ယောက် သေဆုံး၊ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံကို သွားမည်
ဗွီအိုအေမြန်မာရေဒီယိုညပိုင်း ဇွန်၂၈၊၂၀၂၂
ဩစတေးလျ၊ ဂျာမဏီ၊ ဘရူနိုင်းနိုင်ငံတွေနဲ့ စစ်ကောင်စီသံတမန်အဆင့်လျှော့ချ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာလာရောက်ဖို့ရှိနေ၊ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းခွင် အဝေးပစ်လက်နက်တွေနဲ့ပစ်ခတ်ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြိုက်များသတင်းတိုများ၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။