TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၈-၂၀၁၉)
ဒီမိုကရက်တစ်ပါတီအတွင်းသမ္မတလောင်းအဖြစ်ယှဉ်ပြိုင်မယ့်သူတွေထဲက ဒုတိယ အသုတ် ၁၀ ဦး ကြာသပတေးနေ့ ဖလော်ရီဒါပြည်နယ် Miami မြို့မှာ စကားစစ်ထိုးကြပါတယ်။ အမေရိကန်ရွေးကောက်ပွဲတွေမှာ ဝင်ပြီးမနှောင့်ယှက်နဲ့လို့ အမေရိကန်သမ္မတ Donald Trump ကရုရှားသမ္မတ Vladimir Putin ကို မည်ကာမတ္တ ခပ်ပေါ့ပေါ့ သတိပေးပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆင်ရဲနွမ်းပါးမှုနှုန်းကျဆင်းလာနေတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှု အစီအစဉ် UNDP နဲ့ ကမ္ဘာ့ဘဏ်တို့ပူးတွဲလုပ်တဲ့ သုတေသန အစီရင်ခံစာတစောင်မှာ ဖော်ပြလိုက်ပါတယ်။