TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၂၈ ရက် ၂၀၂၃
ယူကရိန်းက ရုရှားအပေါ်တန်ပြန်ထိုးစစ်ဆင်ဖို့ လုပ်နေတာ၊ ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေး စသုံးဖို့ ပြင်သစ်ပြင်ဆင်နေတာ၊ တိုင်ဝမ်ရေလက်ကြားမှာ တရုတ်စစ်အင်အားပြတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မေ ၂၈ ရက်၊ ၂၀၂၃
အထီးကျန်ခံစားနေရသူကို နွေးနွေးထွေးထွေး ဖက်ထားပေးတဲ့ ဝန်ဆောင်မှု၊ ဒူးအထက်ကစပြီး ခြေထောက် ၂ ဘက်လုံးပြတ်နေသူ ဧဝရက်တောင်ထိပ် ရောက်ရှိ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ သွေးတိုးရှိသူတွေအသက်ရှည်နည်းကို သိရမယ့် လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းရောက်မြန်မာ ဆံပင်ညှပ်ဆိုင် အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မေလ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာကြည့်ရှုနိုင်ပါတယ်။
မေလ ၂၈၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
မိုခါမုန်တိုင်းသင့်သူတွေအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်း၊ အစိုးရအကြွေးယူခွင့် တိုးမြှင့်ရေး သမ္မတဘိုင်ဒင်နဲ့ လွှတ်တော်ခေါင်းဆောင် မူအရသဘောတူ၊ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ တို့ကို တင်ဆက်ထားပါတယ်။