TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (မတ်လ ၂၈၊ ၂၀၂၃)
အမေရိကန် သမ္မတ Joe Biden အွန်လိုင်းကနေ ဦးဆောင် ကျင်းပမယ့် Democracy Forum မှာ ယူကရိန်း သမ္မတ Zelenskyy လည်း မိန့်ခွန်းပြောကြားမှာပါ။ယူကရိန်းမှာ ရုရှားဘက်ကပစ်ခတ်နေတဲ့ ဒုံးကျည်တွေထဲမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထုတ်လုပ်တဲ့ လျှပ်စစ်ချစ်ပ်စ် ပစ္စည်း အစိတ်အပိုင်းတွေ ပါဝင်နေတယ်လို့ လက်နက်ရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေသာ တိုးလာစေနိုင်ပြီး ရွေးကောက်ပွဲ အကြောင်းပြ ဖိနှိပ်မှုတွေလည်း ပိုများ နိုင်တဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ကြီး ICG က သတိပေး ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၂၈၊ ၂၀၂၃)
ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ တိုးလာနိုင်ကြောင်း ICG သတိပေး၊ ရွှေဘိုမှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂ ဦးသေ၊ စတာတွေအပြင် အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရီးသွား၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။