TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂၈၊ ၂၀၂၂)
ယူကရိန်း တောင်ပိုင်း Kherson မြို့ အရပ်သားပစ်မှတ်တွေကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ ယူကရိန်းက ပြောပါတယ်။ကိုဗစ်ထိန်းချုပ်ရေး စည်းမျဉ်းတွေ ၃နှစ်နီးပါး ချထားတဲ့တရုတ်နိုင်ငံမှာ သာမာန်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေပြန်ထုတ်ပေးတော့မယ်လို့ ပြောပါတယ်။ကိုဗစ် 19 ရောဂါနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်က အချက်အလက်တွေ ထုတ်ပြန်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် တရုတ်က ခရီးသွားတွေ အမေရိကန်ပြည်ထောင်စုကို လာမယ်ဆိုရင် ကန့်သတ်ချက် အသစ်တွေ ပြဌာန်းဖို့ ရှိနိုင်တဲ့အကြောင်း အမေရိကန် အစိုးရ အရာရှိတွေက ပြောကြား ...စတဲ့သတင်းတွေနဲ့အတူ နှစ်ကုန်အထူးသတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၂၈၊ ၂၀၂၂
Buffalo မြို့ နှင်းရှင်းလင်းရေး ရဲလုံခြုံရေးပေး၊ ပုပ်ရဟန်မင်းကြီးဟောင်း Benedict နာမကျန်းဖြစ်နေ၊ ရှေ့နေဒေါ်ရွက်နုအောင် ထောင် ၁၅ နှစ်ချခံရ စစ်တွေဆိပ်ကမ်း ကုန်းတွင်းလမ်းတည်ဆောက်ရေး ကြန့်ကြာစတဲ့သတင်းတွေ၊ အားကစားအထူးအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။