TV Schedule
နိုဝင်ဘာ ၂၈၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ARSA ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် လူသတ်မှုနဲ့တရားစွဲ၊ ကမ္ဘာ့ဖလားပွဲ ရှုံးတာကြောင့် ဘယ်လ်ဂျီယံမှာ ဆူပူမှုတွေဖြစ် စတဲ့ သတင်းတွေအပြင်၊ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၈၊ ၂၀၂၂)
ယူကရိန်းနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ပုံစံအတိုင်း လာမယ့် သီတင်းပတ်တွေမှာလည်း အလားတူတိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းသမ္မတ ပြော၊ တရုတ်နိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ COVID ပိတ်ဆို့မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ နိုင်ငံတဝန်း ဆန္ဒပြ၊ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေအပေါ် ပိုမို ပြင်းထန်စွာ ရပ်တည်ဆောင်ရွက်ဖို့ ပြန်လွတ်လာတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota တိုက်တွန်း
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၈ ၊ ၂၀၂၂
မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ Toru Kubota တောင်းဆို၊ KNU တပ်မဟာနယ်မြေတွေမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွား၊ ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၅ ခုစွဲချက် အပြစ်မရှိကြောင်းထွက်ဆို စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်နဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ကြရမှာပါ။