TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း အောက်တိုဘာလ ၂၈ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာ နံနက်ခင်း အောက်တိုဘာလ ၂၈ ရက် ၂၀၂၃ သမ္မတ ဘိုင်ဒန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ ဂါဇာလူထု ဆေးဝါးရိက္ခာ ပြတ်လပ်မှုကြောင့် သေဆုံးရဖွယ်ရှိနေပြီ စတဲ့သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတို့ကို တင်ဆက်သွားမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၃)
ရှမ်းမြောက်နဲ့ ကရင်ပြည်နယ် စစ်ပွဲတွေပြင်းထန်၊ ကုလမှာ မြန်မာ့အရေးဆွေးနွေးတင်သွင်းချက်များ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာစီးပွား သတင်းတွေ၊ နောက် အာဏာသိမ်း ရက်ပေါင်း ၁,၀၀၀ အကြာ ဘက်ပေါင်းစုံဖိနှိပ်မှုတွေနဲ့ အကြပ်အတည်းမျိုးစုံကြုံနေရတဲ့ လူထု အခြေအနေ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ အောက်တိုဘာ ၂၈ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ အောက်တိုဘာ ၂၈ ၊ ၂၀၂၃
ဂါဇာမှာ အစ္စရေးတို့ တိုက်ခိုက်မှု အရှိန်မြှင့်၊ မုန်းကိုး၊ နောင်ချို၊ နမ့်ခမ်းဘက်မှာ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေဆက်ဖြစ်၊ တရုတ် မြန်မာနယ်စပ်တည်ငြိမ် လုံခြုံဖို့ တရုတ်တောင်းဆို၊ ကော့ကရိတ်မှာ စစ်တပ်နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်၊ Main ပြည်နယ်သေနတ်သမားအလောင်းကို ရှာတွေ့ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။