TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၂၈ ရက် ၂၀၂၃ စနေနေ့
ယူကရိန်းစစ်ပွဲ အခြေနေတွေ ပြောင်းလဲလာနေပြီလို့ အီးယူက ပြောကြားတာ၊ ဆုတ်ယုတ်လာနေတဲ့ မြန်မာ့မီဒီယာ အကြောင်း၊ အာဆီယံအတွက် စိန်ခေါ်မှု ဖြစ်နေတဲ့ မြန်မာပြဿနာအပြင် ပြည်ပအလုပ်ခေါ်စာနဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၃
မြန်မာမှာ အာဏာသိမ်း ၂ နှစ်ကြာ တိုင်းပြည်အခြေအနေ မယံနိုင်လောင်အောင်ဆိုးဝါး၊ အာဏာသိမ်းနောက်ပိုင်း ငွေကြေး အကြပ်အတည်းကြောင့် ဘိန်းစိုက်ပျိုးမှု အများကြီးမြင့်တက်၊ စစ်ကောင်စီနဲ့ ဆက်ဆံရေး ရပ်တန့်ဖို့၊ ထိုင်းဘက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းကူညီဖို့ အာဆီယံလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း၊ ဒီလို တပတ်အတွင်း မြန်မာသတင်းများနဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအလားအလာ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဇန်နဝါရီ ၂၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၈၊၂၀၂၃)
အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် နိုင်ငံတ၀န်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပိုများလာ၊ မဏိပူရနယ်စပ်မှာ ခိုလုံနေတဲ့ မြန်မာ ၈၀ ခန့် ဖမ်းဆီးခံရ၊ ရဲတွေရဲ့ ရက်စက်တဲ့လုပ်ရပ်ကို အမေရိကန် မြို့ကြီးတချို့မှာ ကန့်ကွက်ဆန္ဒပြ စတဲ့သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။