TV Schedule
စက်တင်ဘာ ၂၇၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာ့အရေး အာဆီယံနဲ့ နိုင်ငံတကာ ဝိုင်းဝန်းဖြေရှင်းကြဖို့ အင်ဒိုနီးရှားတိုက်တွန်း၊ ကုလအထွေထွေညီလာခံမှာ မြန်မာနဲ့ အာဖဂနစ္စတန် ၂ နှစ်ဆက်တိုက် မတက်ရောက်နိုင်၊ စစ်ကောင်စီ အကြီးအကဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်မှာတွေ့ဆုံ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၇၊၂၀၂၂)
ယူကရိန်းနိုင်ငံဒေသလေးခုမှာ ရုရှားလိုလားတဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့နိုင်ရေးအတွက် ဆန္ဒခံယူပွဲကျင်းပတာ အခုအင်္ဂါနေ့ပြီးဆုံးပါတယ်။ဂျပန်ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းရှင်ဇို အာဘေးကို ဂျပန်နိင်ငံသားတွေ နောက်ဆုံး ဂါရဝပြု နှုတ်ဆက်ကြပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ သတင်းပေးပို့ချက်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂၇၊ ၂၀၂၂)
ဘီဘီစီသတင်းထောက် မထက်ထက်ခိုင် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခံရ၊ စစ်ဘေးကြောင့် ကချင်နဲ့စစ်ကိုင်း စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်၊ ရှင်ဇိုအာဘေး ဈာပန ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်.. စတဲ့သတင်းတွေအပြင် အမေရိကန်နိုင်ငံရေး၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။