TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၇ ရက် ၂၀၂၃
=ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၇ ရက် ၂၀၂၃= ရုရှားက ယူကရိန်းအရှေ့ပိုင်းကို တိုးမြှင့် တိုက်ခိုက်ဖို့ လုပ်နေတာ၊ အမေရိကန်က စစ်လက်နက် သန်း ၅၀၀ ဖိုး ပေးဖို့လုပ်နေတဲ့ တိုင်ဝမ်ကို တရုတ်က စစ်အင်အားပြခြိမ်းခြောက်တာ၊ စပိန်အဖွဲ့ချုပ်ဥက္ကဌကို FIFA က တာဝန်က ရပ်ဆိုင်းတဲ့ သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဩဂုတ် ၂၇ ရက်၊ ၂၀၂၃)
နယူးယောက်က ပိုကီမွန်ဂိုးပွဲတော်၊ မြက်ခင်းမှာ ခေါက်ရေ ၅၀၀ ပတ်မောင်းပြီး ၁၄ နာရီ ကြာအောင် ပြိုင်ရတဲ့ မြတ်ရိတ်စက်ပြိုင်ပွဲ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ဒူးရင်းသီးရောင်းနေတဲ့ ဘောလုံးသမားလူငယ် နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဩဂုတ် ၂၇၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၂၇၊ ၂၀၂၃)
ကရင်ရိုးရာလက်ချည်ပွဲ Move Forward ပါတီခေါင်းဆောင် Pita တက်ရောက်၊ သြစတြေးလျမှာ စစ်လေယာဉ်ပျက်ကျ အမေရိကန်မရိန်း ၃ ဦးသေ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။