TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၇-၂၀၁၉)
- နျုကလီးယားအရေး တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးရုတ်သိမ်းပေးဖို့ အီရန်သမ္မတက အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ပါတယ်။ - အမေဇုံသစ်တော မီးလောင် နေတဲ့ကိစ္စ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ဖို့ ဘရာဇီးလ် သံအမတ်ကြီးတွေကို နိုင်ငံခြားရေးဌာနက ညွှန်ကြားထားပါတယ်။ - အပြန်အလှန် လက်တုံ့ပြန် အခွန်စည်းကြပ်မှုတွေကို အဆုံးသတ်နိုင်ရေး တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်တယ်လို့ သမ္မတ Donald Trump က ပြောလိုက်ပါတယ်။