TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၇-၂၀၁၉)
ဒီမိုကရက်ပါတီအတွင်း သမ္မတလောင်း ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲက ၁၀ ဦး ဗုဒ္ဓဟူးနေ့ညက ပထဆုံးအကြိမ် စကားစစ်ထိုးပွဲကျင်းပပါတယ်။ Mexico နယ်စပ်မှာ လူသားချင်း စာနာစရာအခြေအနေတွေအတွက် နောက်ထပ် ရံပုံငွေ ဒေါ်လာ 4 ဘီလျံသုံးစွဲဖို့ အမေရိကန် အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။ G-20 ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Donald Trump ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိသွားပါပြီ။