TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၂၇ ရက် ၂၀၂၃
မိုခါမုန်တိုင်းသင့်ပြည်သူ ၁ သိန်းကျော်ကို WFP ကူညီခဲ့တာ၊ ယူကရိန်း ရုရှားနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သတင်းတွေအပြင် မြန်မာ့ ဗဟိုဘဏ်ကြုံနေရတဲ့ ငွေလဲနှုန်းပြဿနာအပေါ် အမြင်တချို့နဲ့ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ မေလ ၂၇ ရက်၊ ၂၀၂၃
မိုခါမုန်တိုင်းသင့်ဒေသများ အကူအညီ အီးယူ၊ အမေရိကန်၊ အာဆီယံဆီက ရရှိ၊ ရိုဟင်ဂျာ နေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာထွက်ကုန်ဈေး အတက်အကျ အပါအဝင် လယ်ယာစီးပွား သတင်းတွေ၊ နောက်ပိုင်းမှာတော့ မိုခါမုန်တိုင်းသင့်ဒေသ ကူညီရေးလုပ်ဆောင်နေသူနဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃၊ မေ ၂၇ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၇၊ ၂၀၂၃)
တိုက်ပွဲပြင်းထန်နေတဲ့ မော်လိုက်မြို့မှာ ဒေသခံတွေ ပေါ်တာဆွဲခံနေရ၊ အမေရိကန်အစိုးရ လည်ပတ်စရိတ် ဇွန် ၅ ရက်အထိ ကျန်နိုင်သေး၊ ကွန်ပျူတာ chip ထုတ်လုပ်မှု ပူးပေါင်းလုပ်ဖို့ တရုတ်နဲ့ တောင်ကိုရီးယား သဘောတူ စတဲ့ နောက်ဆုံးရသတင်းတွေအပြင် အပူဒဏ်အောက် ဖိအားပေး အခိုင်းခံနေရတဲ့ စက်ရုံအလုပ်သမားတွေ အကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။