TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၂၇၊ ၂၀၂၃)
ယူကရိန်း ငြိမ်းချမ်းရေးအတွက် ယူကရိန်းသမ္မတနဲ့ တရုတ်သမ္မတ ဖုံးဆက်စကားပြောဆိုတာကို နေတိုး မဟာမိတ်အဖွဲ့ အကြီးအကဲက ကြိုဆိုလိုက်ပါတယ်။တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ဆူဒန်နိုင်ငံမှာ ၃ ရက်ကြာ နှစ်ဘက် အပစ်အခတ် ရပ်စဲမှု သက်တမ်း တိုးနိုင်ဖို့ အမေရိကန်နဲ့ အာဖရိကနိုင်ငံတွေ ကြားဝင် ကြိုးပမ်းနေကြပါတယ်။မြန်မာနိုင်ငံအတွက် ODA အစီအစဉ်အရ ဂျပန်အစိုးရက ပေးထားတဲ့ ခရီးသည်တင် သင်္ဘောတွေကို စစ်တပ်အတွက် အသုံးပြုနေတယ်ဆိုပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီကို တရားဝင် ကန့်ကွက်....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီ ၂၇၊ ၂၀၂၃)
ဖွံ့ဖြိုးရေးအတွက်ပေးတဲ့ သင်္ဘောတွေ စစ်ဘက်မှာ သုံးတဲ့အပေါ် စစ်ကောင်စီကို ဂျပန်ကန့်ကွက်၊ ဆူဒန်မှာ အပစ်ရပ် သက်တမ်းတိုးရေး အမေရိကန် ကြားဝင်စေ့စပ် စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ် ။