TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၇၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၇၊၂၀၂၄) ကန်နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးတွေ ပင်တဂွမ်မှာတွေ့ဆုံ၊ ကမ္ဘာတဝန်း နေရပ်စွန့်ခွာရသူများပျောက်ဆုံးမှု မြန်မာဒုတိယလိုက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြေကြီးဩဇာ၊ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊အမေရိကန်နိုင်ငံရေး၊ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၂၇၊ ၂၀၂၄)
မြန်မာစစ်တပ်ရဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားနဲ့ စစ်ရေးပြ အခမ်းအနားတွေ ကို ညနေပိုင်းမှာ ကျင်းပပါတယ်။ရိုဟင်ဂျာတွေ အပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အပြစ်ပေးအရေးယူဖို့ မြန်မာအာဏာပိုင်တွေ ပျက်ကွက်ခဲ့ကြောင်း IIMM အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ မတ် ၂၇၊ ၂၀၂၄
မြန်မာပြည်သူတွေနဲ့ရပ်တည်ကြောင်း ယူကေအစိုးရ သတင်းစကားပါး၊ စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေး ICG သုံးသပ်ချက်ထုတ်ပြန်၊ Baltimore တံတားကို သင်္ဘောဝင်တိုက်မှု ဆက်လက်စုံစမ်း၊ ထိုင်းအကူအညီတချို့ ကရင်မြို့နယ် ၃ ခုရရှိ၊ မိုးမောက်နဲ့ လိုင်ဇာ စစ်စခန်းအားလုံးနီးပါး KIA သိမ်းပိုက်၊ အမ်းမြို့နယ်ထဲ တိုက်ပွဲပြင်းထန် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။