TV Schedule
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ခရိုင်းမီးယားကို ယူကရိန်းပိုင်အဖြစ် အမေရိကန် ဆက်လက်အသိအမှတ်ပြု၊ အီတလီမှာ ရွှေ့ပြောင်းနေထိုင်သူ ၆၀ လောက် လှေနစ်မြုပ်သေဆုံး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)
အမေရိကန် သာမကပဲ ပြင်သစ် နဲ့ ဗြိတိန် တို့လို နေတိုး အဖွဲ့ ရဲ့ နျူးကလီယား တိုက်နိုင်စွမ်းရည်တွေကိုပါထည့်သွင်း စဉ်းစားရလိမ့်မယ်လို့ ရုရှား သမ္မတ ပူတင်ပြော၊ စစ်ကောင်စီရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ဖို့ Burma Campaign UK အဖွဲ့က ဗြိတိန်အစိုးရကို တောင်းဆို၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းဟာ ရေးထိုးခဲ့ပြီး ၇၅ နှစ်အကြာမှာ နောက်ကြောင်းပြန် ဆုတ်ယုတ်နေတာကြောင့် ပြန်အသက်သွင်းဖို့ လိုနေလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် သတိပေး
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၃
မြင်းမူတိုက်ပွဲအတွင်း နှစ်ဘက် ကျဆုံးမှုတွေရှိ၊ ရခိုင်မှာ စစ်ကောင်စီ လူအင်အား၊ လက်နက်အင်အားဖြည့်ဆည်းနေ၊ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ Burma Campaign UK အဖွဲ့တောင်းဆို စတာတွေနဲ့ အပတ်စဉ် သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ လူမှုမြင်ကွင်းနဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရမှာပါ။