TV Schedule
ဒီဇင်ဘာ ၂၇၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
အမေရိကန်မှာ ဆောင်းတွင်းမုန်တိုင်းကြောင့် လူ ၅၀ ထက်မနည်းသေ၊ ရှေ့နှစ်ထဲ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ယူကရိန်းမျှော်လင့်၊ အပစ်ရပ်အဖွဲ့တွေနဲ့ စစ်ကောင်စီ နေပြည်တော်မှာ ဆွေးနွေးဖို့ပြင် စတာတွေနဲ့အတူ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ အစီအစဉ်တွေကိုလည်း တင်ပြမှာဖြစ်ပါတယ်။

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂ရ၊ ၂၀၂၂)
ခြိမ်းခြောက်မှုတွေ ပိုတိုးလာတာကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ထိုင်ဝမ်မှာ စစ်မှုမထမ်းမနေရ သက်တမ်းကို လေးလကနေ တနှစ်အထိ တိုးမယ့်အကြောင်း ထိုင်ဝမ်သမ္မတက ပြောပါတယ်။မြောက်ကိုရီးယားဘက်က ဒရုန်းတွေ ဝင်လာတာကြောင့် ပိုပြီး အားကောင်းတဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးဒရုန်း တွေကို ပြန် သုံးဖို့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ပြော ...ဒီသတင်းတွေနဲ့အတူ နှစ်ကုန်အထူးသတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေကို တင်ဆက်ပေးပါမယ်။

ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၂၇ ၊ ၂၀၂၂
ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေ၊ စစ်အာဏာသိမ်း ၂ နှစ်နီးပါးကြာလာတဲ့အထိ ကန့်ကွက် ဆန္ဒပြပွဲတွေ ဆက်ရှိနေဆဲ စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံအကြောင်းစုံနဲ့အတူ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ သယ်ဆောင်ရေးလုပ်ငန်းတွေ အခက်အခဲ ရှိနေတဲ့ သတင်းပေးပို့ချက်တွေကို တင်ပြပေးသွားမှာပါ။