TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၂၇၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၂၇၊၂၀၂၃) အသက် ၄နှစ်အရွယ် အမေရိကန်ဓါးစားခံကလေးငယ်လွတ်မြောက်၊ ရုရှားဒရုန်းစစ်ဆင်ရေး ယူကရိန်းတန်ပြန်ပစ်ချ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာများ၊မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( နိုဝင်ဘာ ၂၇ , ၂၀၂၃)
အစ္စရေးက ပါလက်စတိုင်းအကျဉ်းသားတွေ ထပ်လွှတ်ပေးပြီး ဟားမတ်စ်တွေဖက်က ဓားစာခံတွေ ထပ်လွှတ်ပေးဖို့ မျှော်လင့်နေကြတာ .... မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီး တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ... ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကိုဖမ်းဆီးခဲ့တာ ...
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၂၇၊ ၂၀၂၃)
အစ္စရေး ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ဖိအားပေးခံရ၊ မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးအလားအလာအပေါ် သုံးသပ်ချက် စတာတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။