TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(အောက်တိုဘာ ၂၇၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(အောက်တိုဘာ ၂၇၊၂၀၂၃) ဂါဇာထဲ အစ္စရေးမြေပြင်စစ်ဆင်ရေးတခု ဝင်ရောက်ခဲ့၊ အရှေ့အလယ်ပိုင်းဂယက် အမေရိကန်ပြည်တွင်းခြိမ်းခြောက်မှုတိုးလာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၂၇၊ ၂၀၂၃)
ဂါဇာကမ်းမြှောင်ကို အစ္စရေးတပ်တွေ ကြာသပတေးနေ့ နှောင်းပိုင်းမှာ မြေပြင်ကထပ်မံတိုက်ခိုက်၊ ဆီရီးယားနိုင်ငံ အရှေ့ပိုင်း အီရန် စစ်တပ်၊ တော်လှန်ရေး အစောင့်တပ်နဲ့ အပေါင်းပါတွေ သုံးတဲ့ စစ်စခန်း နေရာတွေကို အမေရိကန် တပ်ဖွဲ့က လေကြောင်းက တိုက်ခိုက်၊ ကိုးကန့် ၊ တအာင်း နဲ့ ရက္ခိုင် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ချင်းရွှေဟော်မြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက နေရာ ၁၀ နေရာလောက် တပြိုင်တည်း တိုက်ခိုက်
ဗွီအိုအေ မြန်မာညချမ်း၊ အောက်တိုဘာ ၂၇၊ ၂၀၂၃
ဆီးရီးယားက အီရန်ပစ်မှတ်တွေ အမေရိကန်တိုက်ခိုက်၊ တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်၊ ချင်းရွှေဟော်နဲ့ လောက်ကိုင် လုံခြုံရေးအခြေအနေ၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ Thaksin သမီးထိုင်းအာဏာရပါတီခေါင်းဆောင်ဖြစ်လာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။