TV Schedule
ဇန်နဝါရီ ၂၇၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ အနည်းဆုံး ၁၁ ဦး သေ၊ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုး၊ ကော့ကရိတ်မြို့နယ် တိုက်ပွဲကြား ဒေသခံကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရ စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၇၊ ၂၀၂၃)
ရုရှားထိုးစစ်တွေ တိုးလာနေတာကြောင့် အနောက်နိုင်ငံက လက်နက်တွေပိုပြီးလိုအပ်နေတယ်လို့ ယူကရိန်းစစ်ဘက်အရာရှိတွေ ပြော၊ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ မနေ့က အိမ်ဖြူတော်မှာ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားကျင်းပ၊ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအသစ်ဟာ ပါတီငယ်တွေရပ်တည်ရေး အခက်တွေ့အောင် ကန့်သတ်တဲ့ ဥပဒေဖြစ်
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီလ ၂၇၊ ၂၀၂၃
Memphis ရဲ ရိုက်နှက်မှုအပေါ် ဒေါသနဲ့ မတုံ့ပြန်ဖို့ သမ္မတ Biden ပန်ကြား၊ တင်းကျပ်တဲ့ ပါတီဥပဒေသစ် စစ်ကောင်စီပြဌာန်း၊ လက်နက်ကြီးကျည်ကျလို့ ကရင်ရွာသားတချို့ သေဆုံး ဒဏ်ရာရ၊ စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာ ကြီးမားနေလို့ ကုလထောက်ပြ၊ ဆုတ်ယုတ်လာတဲ့ မြန်မာ့မီဒီယာစတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။