TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၇-၂၀၂၀)
- နာမည်ကျော် အမေရိကန် ဘတ်စကတ်ဘော ကစားသမားဟောင်း Kobe Bryant ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားတဲ့အတွက် သူ့ရဲ့ ပရိတ်သတ်တွေ အောက်မေ့ဘွယ် ခမ်းအနားတွေ ကျင်းပနေကြပါတယ်။ - Corona ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဂ၀ ကျော် ရှိသွားပြီဖြစ်ပြီး မြို့တော်တော်များများကို တရုတ်အစိုးရက သွားလာမှု ကန့်သတ်ထားပါတယ်။ - ရခိုင်ပြည်နယ် အခြေအနေနဲ့ပါတ်သက်လို့ ICJ နိုင်ငံတကာတရားရုံးက ချမှတ်တဲ့ ကြားဖြတ်ဆောင်ရွက်ချက်ရမယ့်အချက်တွေကို မြန်မာနိုင်ငံက အပြည့်အဝလိုက်နာလုပ်ဆောင်ဖို့ မျှော်လင့်တဲ့အကြောင်းဥရောပသမဂ္ဂ သံအရာရှိတွေက ကြေညာချက်ထုတ်ပြန်ပါတယ်။