TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၆ ရက် ၂၀၂၃
=ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၆ ရက် ၂၀၂၃= မြန်မာပြဿနာ စုပေါင်းအဖြေရှာကြဖို့ ကုလအတွင်းရေးမှုးချုပ် ပန်ကြားတာ၊ ရိုဟင်ဂျာအရေး နိုင်ငံတကာက လျှစ်လျူရှုထားတယ်လို့ Tom Andrews ပြောတာ၊ စစ်ကိုင်းတိုင်း စစ်ရေးအခြေနေအပြင် သမ္မတဟောင်း ထရမ့်ရဲ့ မှတ်တမ်းပုံရိပ် နဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဩဂုတ် ၂၆ ရက်၊ ၂၀၂၃)
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့်ချိန် စစ်တပ်က တာဝန်ခံမှုရှိဖို့ ဆက်လက်ကြိုးပမ်းရေး ကန် ကတိပြု၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အခြေနေဆိုင်ရာ ကြေညာချက်ထုတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာစီးပွား သတင်းတွေ၊ နောက် ရိုဟင်ဂျာအရေး ကန်အစိုးရနဲ့ တွေ့ဆုံမှု မေးမြန်းခန်းတို့ကို ၂၀၂၃၊ ဩဂုတ် ၂၆ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဩဂုတ်လ ၂၆ ၊ ၂၀၂၃)
ကော့သောင်းအနီးတိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး၊ မြန်မာကဖမ်းထားတဲ့ အွန်လိုင်းရာဝတ်မှူကျူးလွန်သူ ၁၁ ဦးကို တရုတ်ပြန်ခေါ်၊ Wagner ကြေးစားတပ်သားတွေ နိုင်ငံအပေါ်သစ္စာရှိကြောင်း သမ္မတ Putin လက်မှတ်ထိုးခိုင်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။