TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၂၆၊ ၂၀၂၂
သေဒဏ်စီရင်မှု အမေရိကန်နဲ့ ကုလရှုတ်ချ၊ ဒုံးနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်း ကောက်ပဲသီးနှံတွေရက်ပိုင်းအတွင်းတင်ပို့ဖို့ရှိတဲ့ သတင်းတွေနဲ့ ပြည်တွင်းက တိုက်ပွဲတွေ၊ ရခိုင်ဖက်က အဖမ်းအဆီးသတင်းတွေကိုလည်းတင်ပြမှာပါ။ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွါးရေး၊ ဘလောဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၆၊ ၂၀၂၂)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့ အတူ နောက်ထပ် ၂ ဦးကို ကွပ်မျက်လိုက်တာဟာ အာဆီယံကလုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို မထီမဲ့မြင် လုပ်လိုက်တာဖြစ်သလို၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုအဖြစ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဝေဖန်၊ ကုလသမဂ္ဂကတော့ ဒီကွပ်မျက်မှုကြောင့် ဆိုးရွားနေပြီးသား မြန်မာ့ လူ့အခွင့်အရေးအခြေနေတွေ ပိုပြီးဆုတ်ယုတ်ကျဆင်းစေမယ့်အကြောင်း သတိပေးပြော၊ ဒီကွပ်မျက်မှုကိုတောင်ကိုရီးယားအစိုးရအနေနဲ့ ပြစ်တင်ရှုတ်ချကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပြော... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၆၊ ၂၀၂၂
မြန်မာစစ်ကောင်စီအရေးယူသွားဖို့ ကန်ဘက်စုံစဉ်းစားနေ၊ “စစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူဖို့ အချိန်တန်ပြီ”ကုလကိုယ်စားလှယ်ပန်ကြား၊ မြန်မာ့စွမ်းအင်လုပ်ငန်းကိုအရေးယူဒဏ်ခတ်ဖို့ Mitch McConnell တိုက်တွန်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ မြင်ကွင်းကျယ်မှတ်စုနဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။