TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇွန်၂၆၊၂၀၂၃
ယူကရိန်းမြို့တော် ဒုံးကျည်တိုက်ခိုက်ခံရမှုမှာ သေဆုံးသူတိုးလာ၊ စစ်လေယာဉ်ဗုံးဒဏ်ကြောင့် ကရင်နီဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှပေးစာများနဲ့ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၆၊ ၂၀၂၃)
ရုရှားနိုင်ငံအတွင်း Wagner ကြေးစားတပ်ဖွဲ့ရဲ့ ပုန်ကန်မှုဟာ ရုရှားပြည်တွင်းရေးအဖြစ် ပြောခဲ့ပေမဲ့ မဟာဗျုဟာ အမှားကြီးတခုဖြစ်တဲ့အကြောင်း နေတိုး မဟာမိတ်အဖွဲ့ အကြီးအကဲက ပြောပါတယ်။ပင်လယ်နက်ဒေသကနေ ရုရှားကပစ်ခတ်ခဲ့တဲ့ ခရုဇ်မစ်ဇိုင်းဒုံး ၃ စင်းထဲက ၂ စင်းနဲ့ အီရန်နိုင်ငံလုပ် Shahed အမျိုးအစား အဝေးထိန်းဒရုန်းတွေကို ပစ်ချခဲ့တဲ့အကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံတွင်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ရဲတပ်ဖွဲ့က ပြော ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဇွန်လ ၂၆၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
ဒေါ်လာသန်း ၅၀၀ နီးပါး မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ မီးရှို့ဖျက်ဆီး၊ ကင်းတော်ရွာ ပြည်သူ့ကာကွယ်ရေးစခန်း စီးနင်းတိုက်ခိုက်ခံရမှု ၁ ဒါဇင်ခန့်သေဆုံး၊ ကွယ်လွန်သူ စာရေးဆရာ ညီပုလေး နဲ့ တွေ့ဆုံမေးမြန်းခန်း ပြန်လည်ထုတ်လွှင့်ချက်အပြင် စီးပွားရေး၊ လူမှုရှုခင်း အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။