TV Schedule
ဗွီအိုအေရေဒီယိုမနက်ခင်း ဂျွန် ၂၆၊၂၀၂၂
ကိုယ်ဝန်ဖျက်ချခွင့် စီရင်ထုံးပယ်ဖျက်လိုက်တဲ့ တရားရုံးချုပ်ရှေ့ လူပေါင်းရာချီ စုဝေးဆန္ဒပြ၊ လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် လျှပ်စစ်မီးတိုင် ဖောက်ခွဲဖျက်ဆီးခံရ၊ ကမ္ဘောဒီယားက တရုတ်ရေတပ်အခြေစိုက်စခန်း “ပိုလီဂရပ်ဖ် ပုံပြရုပ်သံ” နဲ့ ကရင်ပြည်နယ်တွင်း ပဋိပက္ခတွေကြား အသုံးချခံနေရတဲ့ ဒေသခံတွေ အကြောင်း ဒို့အသံအစီအစဉ်မှာတင်ပြထားပါတယ်။ အပတ်စဉ်ကဏ္ဍမှာောတ့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်းမြန်မာနဲ့ ကမ္ဘာ့ သတင်း အနှစ်ချုပ်တွေကို ထုတ်လွှင့်ပေးပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇွန်လ ၂၆ ရက်၊ ၂၀၂၂)
မျောက်ကျောက်ရောဂါ ကာကွယ်နည်း၊ လူထုနဲ့ကျန်းမာရေး၊ ဗင်းနစ်မြို့က လက်ယက်ရက်ကန်းလုပ်ငန်းအကြောင်း ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇွန်လ ၂၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၂၆၊ ၂၀၂၂
စစ်ကောင်စီရဲ့ စစ်ဆင်ရေးခြေကုတ်စခန်းတခုကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူ၊ ရိုဟင်ဂျာတွေရဲ့ “LETS’ GO HOME” လူထုလှုပ်ရှားမှု၊ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု နိုင်ငံတကာရဲ့ပြဿနာဖြစ် စတဲ့ သတင်းလွှာ တွေနဲ့ အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ၊ မြန်မာ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ ထူးခြားဆန်းပြားသတင်းများနဲ့ သတင်းတွေထဲက သုတအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။