TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၆-၂၀၁၉)
ရုရှားအရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က အောက်လွှတ်တော် ကော်မတီတွေ ရှေ့ မေးမြန်းတာတွေကို ဖြေကြားဖို့ သဘောတူလိုက်ပါတယ်။ Rio Grande မြစ်ကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်ဖို့ ကျိုးစားခဲ့ကြတဲ့ သားအဖနှစ်ဦး ရေနစ်သေဆုံးသွားတဲ့ သတင်းစာပါ ဓာတ်ပုံကြောင့် ရွှေ့ပြောင်းလာသူတွေအရေး ပိုအာရုံစိုက်စရာဖြစ်လာပါတယ်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ကို ရန်ကုန်နဲ့ မြို့ကြီးတချို့မှာကျင်းပပြီး သိမ်းဆည်းမိတဲ့ မူးယစ်ဆေးမျိုးစုံကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။