TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂၆ ရက် ၂၀၂၃)
ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မြဝတီမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ ကယားပြည်နယ် မှာလည်း တိုက်ပွဲတွေပြင်းထန်နေတာ၊ ယူကရိန်းမှာတော့ ရုရှားတွေက စစ်ဆင်ရေးကို ပုံစံပြောင်းလာနေတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၂၆ ရက်၊ ၂၀၂၃
အဝေးရောက်ချစ်သူကို အနမ်းပေးနိုင်မယ့်စက်၊ စက်ကိုပိုက်ဆံထည့်တာနဲ့ ဒံပေါက်အသင့်ထွက်လာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စိတ်ကျရောဂါ ကုသမှု နည်းလမ်းမှန်တွေ တင်ပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ စစ်ကိုင်းနဲ့ မကွေးက ဒုက္ခတွေ အကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၂၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
မတ်လ ၂၆၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
ကော့ကရိတ်နဲ့ ကျုံဒိုးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား၊ နေရပ်ပြန်ရေး အစီအစဉ်အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ သဘောထား၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။