TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၂၃
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တားဆီးပေးဖို့ ပြည်ပရောက် မြန်မာတွေ တောင်းဆိုတာ၊ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အီးယူ နဲ့ G7 က နောက်ထပ်အရေးယူ ဒဏ်ခတ်တာ စတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၃
အလုပ်ကိုသတ်မှတ်ရုံးချိန်ထက် အပိုလုပ်ပေးဖို့ မလိုတဲ့ အိန္ဒိယကုမ္ပဏီ၊ ဆောက်လက်စတိုက်ထဲမှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင် လူငယ်တွေကြား ရေပန်းစား၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ကင်ဆာရောဂါ စောစီးသိရှိကုသနိုင်ရေး အသိပညာပေးလှုံ့ဆော်မှုအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းမြန်မာကုန်စည်ပို့ဆောင်မှု အခက်အခဲ သိရမယ့် နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဖေဖော်ဝါရီလ ၂၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၃
မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၇ ရက်နေ့ တင်သွင်းမည်၊ ဘုရားသုံးဆူတိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးတင်းကြပ် စတာတွေနဲ့ အပတ်စဉ် ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ ISP အဖွဲ့ရဲ့ မြင်ကွင်းကျယ်မှတ်စုများ၊ မြန်မာပြည်မှပေးစာနဲ့ ထူးခြားဆန်းပြားသတင်းများ တို့ကို နားဆင်ရမှာပါ။