TV Schedule
ဒီဇင်ဘာ ၂၆၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေး ခရစ္စမတ်မှာ ပုပ်ရဟန်းမင်းကြီး ဆုတောင်း၊ အမေရိကန်မှာ ဆောင်းတွင်းမုန်တိုင်းကြောင့် အနည်းဆုံး ၂၈ ယောက်သေ စတဲ့သတင်းတွေအပြင်၊ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆက်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂၆၊ ၂၀၂၂)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ရုရှား ကို ထုတ်ပယ်ထားဖို့ ယူကရိန်းတောင်းဆိုဖို့ရှိ၊ ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုံထဲ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် တရုတ် လေယာဉ် ၇၁ စီး ဝင်ရောက်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုကို လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ အပြီးသတ်အမိန့်ချဖို့ရှိ
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၂၆ ၊ ၂၀၂၂
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့ အပြီးသတ် စီရင်ချက်ချမည်၊ ကမ္ဘောဇတိုင်းသတင်း အယ်ဒီတာချုပ် ဖမ်းဆီးခံရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတခုဖြစ်တဲ့ စီးပွားရေးကဏ္ဍနဲ့ ၂၀၂၂ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရေမြေခြားမှ ရုပ်ပုံလွှာ နှစ်ချုပ် အစီအစဉ်တို့ကို တင်ပြပေးသွားမှာပါ။