TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၂၆၊ ၂၀၂၃)
အစ္စရေး ဓားစားခံ ၁၃ ဦးနဲ့ နိုင်ငံခြားသား ၁၄ ဦး ထပ်လွတ်၊ မြန်မာ့အရေး ဆွေးနွေးပွဲ အလားအလာ ကောက်ချက် NUG တုံ့ပြန်၊ ကျင်းစမ်းကြော့ နယ်စပ်ဂိတ် ညီနောင် ၃ ဖွဲ့ သိမ်းပိုက်၊ တရုတ်−မြန်မာ ဆွေးနွေးပွဲ သုံးသပ်ချက် စတဲ့ နောက်ဆုံးရ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် စနေမနက် အပတ်စဥ်ကဏ္ဍတွေကို စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (နိုဝင်ဘာ ၂၆၊ ၂၀၂၃)
ဟောင်ကောင်ဘူတာရုံက ခေါက်ဆွဲ မျဉ်းကောက်ကြောင်းပန်းချီ၊ ဂျပန်က အမှိုက်ကောက်ပြိုင်ပွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ အလုပ်တွေခေါ်နေတဲ့ ဂျပန်မှာ အခုရောက်ရှိအလုပ်လုပ်နေတဲ့ မြန်မာ လူငယ်နဲ့ GenZ အစီအစဉ်၊ နောက်တော့ ထိုင်းနိုင်ငံရောက်ပအို၀်းတိုင်းရင်းသားတွေရဲ့ ကထိန်သင်္ကန်းကပ်လှူပွဲအကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ နိုဝင်ဘာ ၂၆၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၂၆၊ ၂၀၂၃)
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၂၆၊ ၂၀၂၃) ဓားစာခံ တတိယအသုတ် ပြန်လွှတ်ရေး အစ္စရေး၊ ဟားမတ်စ် စီစဉ်၊ ထိပ်တန်းတပ်မှူးတချို့ ကျဆုံး၊ မြန်မာနိုင်ငံ နေရာအများအပြား တိုက်ပွဲဆက်လက်ဖြစ်ပွား စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။