TV Schedule
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်း (အောက်တိုဘာလ ၂၆ ရက်)
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်း (အောက်တိုဘာလ ၂၆ ရက်) မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် ခန့်အပ်လိုက်တဲ့ သတင်းနဲ့ အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ စစ်ကောင်စီအပေါ် အာဆီယံတင်းကြပ်မှုနဲ့ ပတ်သက်လို့ NUG ၀န်ကြီး ဦးအောင်မျိုးမင်းနဲ့ ဆက်သွယ်မေးမြန်းချက်၊ အထောက်အထားမဲ့ ဝင်ရောက်သူ မြန်မာ၂၀၀ ခန့် ထိုင်းရဲဖမ်းဆီးလိုက်တဲ့ သတင်းပေးပို့ ချက် စတာတွေနဲ့အတူ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တံ့ရောင်သတင်းလွှာ စတာတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၂၆-၂၀၂၁)
အာဆီယံနိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးတွေနဲ့ ဆက်စပ် အစည်းအဝေးတွေကိုအွန်လိုင်းက စတင်ကျင်းပပြီး မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်မတက်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ အဖြေရှာနိုင်ရေး အာဆီယံ ဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်နဲ့ အမြန်ဆုံးပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်ကောင်စီကို စင်ကာပူ ဝန်ကြီးချုပ်တိုက်တွန်း၊ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေ အွန်လိုင်းက တွေ့ဆုံ
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၂၆၊၂၀၂၁
မြန်မာကိုယ်စားလှယ်မပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပ၊ အာဆီယံကိုယ်စားလှယ်ကို မြန်မာစစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ စင်္ကပူဝန်ကြီးချုပ်တိုက်တွန်း၊ ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု ကိုယ်တိုင်သက်သေထွက်ဆို စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ဖို့ရှိပါတယ်။