TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၂၅ ရက် ၂၀၂၃
ရုရှားကြေးစားတပ်ဖွဲ့ဟာ မော်စကိုကိုချီတက်နေရာကနေ ဘယ်လာရုစ်ရဲ့ ပန်ကြားမှုကြောင့် ပြန်ဆုတ်ခွါသွားတာ၊ ရုရှားတပ်တွေက ယူကရိန်းမြို့ကြီးတွေကို မစ်ဇိုင်းဒုံးတွေနဲ့ ဆက်ပစ်ခတ်နေတာ။ တရုတ်ပြည်မှာ အပူလှိုင်းဖြတ်နေတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇွန် ၂၅ ရက်၊ ၂၀၂၃)
အသက်ရှည်ဆေး ပေါ်တော့မလား၊ ဗန်ဂိုးနဲ့ စကားပြောနိုင်ပြီ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ တုပ်ကွေးကာကွယ်ဆေး ဘယ်လိုလူတွေထိုးသင့်သလဲ ရှင်းပြတဲ့ လူထုနဲ့ ကျန်းမာရေး၊ မြန်မာ့နိုင်ငံရေးနဲ့ တက်တူးအနုပညာ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇွန်လ ၂၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဇွန်လ ၂၅၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
မော်စကိုမြို့တော်အထိ ချီတက်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ ရုရှားကြေးစားတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာ၊ ဆူဒန်နိုင်ငံမြို့တော်မှာ တိုက်ပွဲတွေပြန်ဖြစ်၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။