TV Schedule
ဗွီအိုအေ ရေဒီယိုမနက်ပိုင်း ဇွန် ၂၅၊၂၀၂၂
အမေရိကန်မှာသန္ဓေသားဖျက်ချခွင့် တရားရုံးချုပ်ပယ်ဖျက်၊ မြန်မာနိုင်ငံမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အန္တရာယ် ယူနီဆက်သတိပေးစတဲ့ထိပ်တန်းသတင်းတွေနဲ့ စက်သုံးဆီဈေး ကြီးမြင့်မှုကြောင့်ယာဉ်လိုင်းလုပ်ငန်းရှင်တွေ အခက်တွေ့၊ အိန္ဒိယမီဇိုရမ်မှာ ကျောင်းတက်သူ မြန်မာကလေးအရေအတွက်တိုး သတင်းဆောင်းပါး၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့  သိပ္ပံနဲ့နည်းပညာအပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့် သွားဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇွန်လ ၁၈ ရက်၊ ၂၀၂၂)
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကိုရွှေ့၊ အာဆီယံကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးပွဲ စစ်ကောင်စီတက်ရလို့ ဝေဖန်ခံရ၊ ယူကရိန်းကို အီးယူအဖွဲ့ဝင်လောင်းအဖြစ် အမြန်ဆုံး လက်ခံလိုက်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ မြန်မာမှာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ပြေးရသူပိုများလာမယ့် အခြေအနေ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇွန်လ ၂၅ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယို ညပိုင်း ဇွန် ၂၅၊ ၂၀၂၂
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ NUG ၀န်ကြီးချုပ် မြန်မာ့အရေးဆွေးနွေး၊ မြန်မာ့အရေး R2P နဲ့ကိုင်တွယ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်း အနှစ်ချုပ်တွေ တင်ဆက်ထားပါတယ်။