TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၅၊ ၂၀၂၃)
အမေရိကန်အစိုးရ အကြွေး ချေးယူနိုင်တဲ့ ပမာဏ ထပ်တိုးရေးကိစ္စ သဘောတူညီချက်ရဖို့ အလားအလာ မကောင်းတာကြောင့် ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ အာမခံ လုပ်ငန်း Fitch Ratings ကုမ္ပဏီကတော့ အမေရိကန် ကို ကြွေးမြီ ပြန်ဆပ်နိုင်ခြေ အဆင့် လျော့ချ သတ်မှတ်ရမယ့် အခြေအနေ ဆိုက်နေပြီလို့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ယူကရိန်း အနောက်ပိုင်းကို တိုက်ခိုက်တဲ့ အီရန် လုပ် Shahed ဒရုန်းယာဉ် ၃၆ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား ခါတွန်မြို့တော်မှာ တိုက်ပွဲတွေ ပြတ်တောင်းပြတ်တောင်းဖြစ်နေ ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း မေလ ၂၅ ၊ ၂၀၂၃
ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်၊ အာဆီယံယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတဲ့ ဆီဆိုင်မှာ စစ်ရှောင်တွေ ရိက္ခာအခက်ကြုံ စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ် ။