TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၂၅၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၂၅၊၂၀၂၃) ဂါဇာစစ်ပွဲ ရေရှည်စစ်ဖြစ်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး၊ ဂျာမဏီနဲ့ဩစတီးယားမှာ ခြိမ်းခြောက်မှုကြောင့် ခရစ္စမတ်ပွဲတော်လုံခြုံရေးတင်းကြပ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)
စစ်ကောင်စီနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊တရုတ်က ကြားဝင်စေ့စပ်ပေးတဲ့ ယာယီအပစ်ရပ်စဲရေးကို မသိကျိုးကျွံပြုနေကြောင်းဒီနေ့ထုတ် Newsweekသတင်းမှာဖော်ပြ၊ကမ္ဘာတဝှမ်းမှာ ခရစ္စမတ်ပွဲတွေကျင်းပနေပေမဲ့ရေရှု့ခရစ်တော် မွေးဖွားကြီးပြင်းရာဖြစ်တဲ့Bethlehemမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေ။
ဗွီအိုအေ မြန်မာညချမ်း
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူ ၇၀ ထက်မနည်း သေဆုံး၊ ခရစ္စမတ်ကာလ တကမ္ဘာလုံး ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ္မတူမှာ အရပ်သား ၂ ဦး သေဆုံး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေအပြင် ၂၀၂၃ နှစ်ကုန် အထူးအစီအစဉ်တွေကို တင်ဆက်ပေးထားပါတယ်။