TV Schedule
ဗွီအိုအေ မြန်မာမနက်ခင်း ဒီဇင်ဘာ ၂၅-၂၀၂၂
အမေရီးကားမှာရာသီဥတုဆိုးရွားတဲ့အတွက်လေယဉ်ခရီးစဉ်တွေထောင်နဲ့ချီပါယ်ဖျက်လိုက်ရပါတယ်။ ပါရီမြို့တော်မှာ ကဒ်ဆန္ဒပြသူတွေနဲ့ရဲတွေထပ်မံအထိကရုန်းဖြစ်ပွားပါတယ်။ အာဖဂန်မှာ အမျိုးသမီးတွေကို NGO တွေမှာအလုပ်လုပ်ခွင့် ပိတ်လိုက်ပါတယ်။ ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးနဲ့ဆက်သွယ်မေးမြန်းချက်၊ ဒို့အသံ နဲ့ တနှစ်တာနိုင်ငံတကာအဖြစ် အပျက်တချို့စုစည်တင်ပြချက်အထူးအစီအစဉ်တွေကိုလည်းကြည့်ရှု့နားဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၂
ခရစ္စမတ်ရာသီ အလုပ်များတဲ့ ဆန်တာ ဘိုးဘိုးများ၊ တိရိစ္ဆာန်လေးတွေအတွက် ခရစ္စမတ်စ်လက်ဆောင်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ အရေးကြီးတဲ့ နှလုံးကြွက်သားနဲ့သွေးကြောများ ကျန်းမာရေးအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ ဆင်နွှဲကြတဲ့ ခရစ္စမတ်ပွဲတော်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ ခရစ္စမတ်စ် အင်္ဂလိပ်စာတို့ကို ၂၀၂၂ ဒီဇင်ဘာ ၂၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်း ခရစ္စမတ်အထူးအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၂၅ ၊ ၂၀၂၂
ယူကရိန်းနဲ့ အရေး ဆွေးနွေးဖို့ အဆင်သင့် ရှိကြောင်း ရုရှားသမ္မတပြော၊ အင်ဒိုနီးရှားကမ်းခြေမှာ ရိုဟင်ဂျာ ၅၈ ယောက်ပါတဲ့ လှေတွေ့ရှိ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ ISP Myanmar ရဲ့ မြင်ကွင်းကျယ် မှတ်စုများနဲ့ ထူးခြားဆန်းပြားသတင်းများ တို့ကို တင်ပြပေးသွားမှာပါ။