TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ အလားအလာရှိနိုင်တယ်လို့ အင်ဒိုနီးရှားပြော၊ ဟားမတ်စ် အစ္စရေး ဓားစာခံ အကျဥ်းသားလဲလှယ်မှု သမ္မတဘိုင်ဒန် ကြိုဆို စတဲ့ နောက်ဆုံးရ သတင်းတွေ စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (နိုဝင်ဘာ ၂၅၊ ၂၀၂၃ )
ရှမ်းမြောက်အပါအဝင် ဒေသတော်တော်များများ တိုက်ပွဲတွေ ပြင်းထန်၊ စစ်ပွဲများကြား စစ်ဘေးပြေးရှောင်ရသူတွေ ထပ်တိုး ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ တိုက်ပွဲတွေကြောင့် ရှမ်းပြည်ထွက်ကုန် ကော်ဖီဈေးကွက် အခြေအနေမှန်းမရ၊ ဒီလိုလယ်ယာစီးပွား သတင်းတွေ၊ နောက် မြို့သိမ်းတိုက်ပွဲများနဲ့ အွန်လိုင်းဂိုဏ်းများ ဖြိုခွဲမှု သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ နိုဝင်ဘာ ၂၅ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီအိုအေ မြန်မာညချမ်း၊ နိုဝင်ဘာ ၂၅၊ ၂၀၂၃
အပစ်ရပ် ဒုတိယနေ့ အစ္စရေးဓါးစာခံတွေ ထပ်လွတ်လာဖို့ရှိ၊ မြန်မာနယ်စပ် တရုတ်တောင်ပိုင်းမှာ တရုတ်စစ်တပ်စစ်ရေးလေ့ကျင့်၊ ဒေါ်အောင်ဆန်းစုကြည်သားငယ် Kim ဦးဆောင်တဲ့ လွတ်လပ်မှုအတွက် တက်တူးထိုး လှုပ်ရှားမှု၊ လှေစီးပြေးမယ့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။