TV Schedule
ဇန်နဝါရီ ၂၅၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းကို တင့်ကားတွေပေးဖို့ အမေရိကန် ထိပ်တန်းအမတ်တွေတိုက်တွန်း၊ မြန်မာနဲ့ ကမ္ဘာမှာ သတင်းသမား သတ်ဖြတ်ခံရမှုတိုး၊ စစ်ကိုင်းတိုင်းမှာ မီးရှို့ဖျက်ဆီးမှုတွေဖြစ်ပွား စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၅၊ ၂၀၂၃)
အဆင့်မြင့် M1 Abrams တင့်ကားတွေ ယူကရိန်းဆီ အမေရိကန်ပြည်ထောင်စုက ပေးပို့မယ့် အနေအထားရှိနေပါတယ်။အမေရိကန်ပြည်ထောင်စု မှာ သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းတွေ ပြဌာန်းဖို့ ထောက်ခံမယ့်အကြောင်း သမ္မတ Joe Biden က ပြောဆိုပါတယ်။မြန်မာ စစ်တပ် ကို လက်နက်တွေ ရောင်းချတဲ့ တရုတ် နဲ့ အိန္ဒိယ ကုမ္ပဏီ ၂ ခု မှာ နော်ဝေ နိုင်ငံတော် ရန်ပုံငွေ ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ဘူး လို့ နော်ဝေ ဗဟိုဘဏ် က ပြော ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂၅ ၊ ၂၀၂၃
ဖယ်ခုံ ဆီးမီးလောကျေးရွာမှာ တိုက်ပွဲဖြစ်ပွား၊ ကာ့ကရိတ်တိုက်ပွဲ အနီးကျေးရွာတွေလက်နက်ကြီးထိမှန်၊ မြန်မာစစ်အာဏာရှင်စနစ်ကို ကူညီ ပုံဖော်ပေးနေတဲ့ ကုမ္ပဏီနဲ့ နိုင်ငံစာရင်း Justice for Myanmar ထုတ်ပြန် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတို့ကို နားဆင်ရမှာပါ။