TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာ ၂၄ ရက် ၂၀၂၃
မြန်မာ့အရေး အာဆီယံအတွက် အကြီးမားဆုံးပြဿနာ ဖြစ်နေတာ၊ အိန္ဒိယမြန်မာနယ်စပ် လွတ်လပ်စွာသွားလာခွင့်မပြုဖို့ မဏိပူတိုက်တွန်းတာ၊ ရန်ကုန်အနီး စနေည လှုပ်တဲ့ငလျင် ပြင်းအား ၅ လောက်ရှိတဲ့ သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၃)
ချင်းမိုင်ညဈေးမှာ လက်ဆောင်ဝယ်တဲ့ နော်သဇင်ရဲ့ Vlog၊ အမျိုးအစား ၂ - ဆီးချို ဘယ်လိုကာကွယ်နိုင် လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ မြန်မာဖောက်သည်တွေအတွက် ထိုင်းက အဝယ်တော်တွေ အကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ စက်တင်ဘာ ၂၄၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂၄၊ ၂၀၂၃)
အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး အင်ဒိုနီးရှား စစ်ကောင်စီ ဆန့်ကျင်ရေး ဘန်ကောက်မှာ ဆန္ဒပြ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။